ပြင်ဦးလွင် နိုဝင်ဘာ ၅ 

 

၁၃၈၇ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့ညတွင် ပြင်ဦးလွင်မြို့ရှိ တည်ထားကိုးကွယ်လျက်ရှိသော မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)နှင့် သမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိသည်။

 

မဟာအံ့ထူးကံသာ ဆုတောင်းပြည့် (ပြည်ချစ်ဘုရားကြီး) ဘုရားကြီးနှင့် သမိုင်းဝင်တန်ခိုးကြီး ဘုရားများသို့ နှစ်စဉ်နှစ်တိုင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများသည် တန်ဆောင်မုန်းလပြည့်နေ့ ညပိုင်းတွင် ဘုရားပန်း၊ ဆီမီး၊ ရွှေသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု အစုစုတို့ကို ကပ်လှူကြပြီး  အဓိဋ္ဌာန်ပြုခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းများကို  ပြုလုပ်ကြကြောင်း သိရသည်။                         

 

ခရိုင်(ပြန်/ဆက်)