ပြည် ၂၇ ဧပြီ  

 

ပဲခူတိုင်းဒေသကြီး၊ ပြည်မြို့တွင် အောင်ဆန်းပညာဒါနမှကြီးမှူး၍ ရွှေမင်းသမီးဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သော (Japan Language Centre) အခြေခံဂျပန်ဘာသာစကားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဗိုလ်ချုပ်လမ်းရှိ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ဧပြီ ၂၆ ရက် နံနက် ၈ နာရီက ကျင်းပရာ ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးဝင်းသိန်း တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ခေတ်အဆက်ဆက် နိုင်ငံတကာမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပိတ်ပင်မှုများကြောင့် ပြည်သူများ အသိအမြင် ဗဟုသုတ နည်းပါးခဲ့ကြောင်း၊ ယခုခေတ်ကာလသည် ပညာခေတ်ဖြစ်ပြီး နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများလည်း လာရောက်ဆောင်ရွက်လာကြပြီဖြစ်၍ နိုင်ငံခြားဘာသာစကားများ တတ်ကျွမ်းရေး သည် အလွန်အရေးပါလာပြီ ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပေးမည့် အခြေခံ ဂျပန်ဘာသာ စကားကိုလည်း နားလည်တတ်ကျွမ်း နိုင်စေရန်အတွက် သင်ကြားမည့် ဆရာများဘက်မှလည်း စေတနာအရင်းခံ၍ သင်ကြားပေးစေလိုကြောင်းနှင့် သင်ကြားမည့် သားတို့သမီးတို့အနေဖြင့်လည်း ကြိုးကြိုးစားစား သင်ကြားကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းကို ပြည်မြို့၊ ခေတ္တရာမြို့သစ်ရှိ၊ အောင်ဆန်းပညာဒါနကျောင်းတွင် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၇၅ ဦးအား အပတ်စဉ်တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ်နံနက် ၉ နာရီမှ ၁၂ နာရီထိနှင့် စနေ၊ တနင်္ဂနွေရက်များတွင် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးကျော်ကြီး(ပြန်/ဆက်)

 

IMG_20