ဝယ်လင်တန်   ဇူလိုင်   ၁၄

နယူးဇီလန်နိုင်ငံသို့  ပြည်ပနိုင်ငံများမှ ကျောင်းသားများ လာရောက်ပညာသင်ကြားရေးအတွက် မဟာ ဗျူဟာတစ်ရပ်ကို ဇူလိုင် ၁၄ ရက်က ချမှတ်ခဲ့ကြောင်း သိရသည်။

၂၀၃၄ ခုနှစ်အရောက်တွင်ပြည်ပကျောင်းသားများထံမှ    နိုင်ငံအတွက် ဝင်ငွေ နယူးဇီလန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံရရှိရေး ရည်မှန်းဆောင်ရွက်နေသည်။

ယင်းမဟာဗျူဟာအရ ကျောင်းသားဗီဇာကိုင်ဆောင်သူများအား    အလုပ်လုပ်ကိုင်ခွင့်ပေးအပ်ခြင်း၊    ပြည်ဝင်ခွင့်ဗီဇာလုပ်ငန်းများ   အဆင်ပြေစေရေးဆောင်ရွက်ပေးခြင်းတို့ဖြင့် နယူးဇီလန်နိုင်ငံအား ပညာရေးဆိုင်ရာနေရာတစ်ခု  ဖြစ်လာစေရေး ဆောင်ရွက်မည်ဟု သိရသည်။

ပြည်ပကျောင်းသားများထံမှ ယမန်နှစ်အတွင်း ဝင်ငွေ နယူးဇီလန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံ ရရှိခဲ့ သည်ဟုပညာရေးဝန်ကြီး အဲရီကာစတန်းဖော့ဒ်က ပြောကြားသည်။ ပြည်ပနိုင်ငံများမှ  ကျောင်းသားများ  လာရောက်ပညာသင်ကြားသဖြင့်  နိုင်ငံ၏ ခရီးသွားလုပ်ငန်း၊ အလုပ်အကိုင် ရရှိရေး   ကဏ္ဍနှင့် အခြားကဏ္ဍများတွင်   အကျိုးကျေးဇူးများရှိခဲ့ကြောင်း   ၎င်းက ပြောကြား သည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ