နေပြည်တော် နိုဝင်ဘာ ၁၆
ရှမ်းပြည်နယ်အတွင်းရှိ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၉)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်းရတနာများအား ကြိုဆိုပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ နယ်မြေခံသင်တန်း ကျောင်း၌ ပြုလုပ်ရာ တြိဂံဒေသ တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်သူ့စစ်မှု ထမ်းသင်တန်း အမှတ်စဉ်(၁၉)သို့ တက်ရောက်ကြမည့် နိုင်ငံ့သားကောင်း ရတနာများအား ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ သင်တန်းသို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများနှင့် အုပ်ချုပ်မှုကိစ္စရပ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


