နေပြည်တော် ၆ မတ်
ပြည်သူ့လွှတ်တော်၊ လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်သည် မြန်မာမိုးနတ်မင်း ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများအား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အဆောင်အမှတ်(I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာမိုးနတ်မင်းကုမ္ပဏီသည် Renewable Energy အမျိုးအစားဖြစ်သည့် RHU Seawater Conversion Technology Power Plant & Water Supply Project နှင့်စပ်လျဉ်းပြီး ပင်လယ်ရေကို အသုံးပြု၍ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မှု နည်းပညာများအား အကြိုမိတ်ဆက် ရှင်းလင်းတင်ပြခဲ့ရာ ကော်မတီအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
(သတင်းစဉ်)


