နေပြည်တော် ၇ မတ် 

 

ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်နှင့် ဓနရာဇာကုမ္ပဏီလီမိတက်မှ ဒေါက်တာအောင်စိုးဝင်း ဦးဆောင်သော အဖွဲ့သည် ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ တွေ့ဆုံကြသည်။

 

တွေ့ဆုံစဉ် လျှပ်စစ်ဓာတ်အားဆုံးရှုံးမှု လျှော့ချနိုင်ရေး၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရာတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ၊ ပြဿနာများကို ဆွေးနွေးကြသည်။ 

 

(သတင်းစဉ်)