နေပြည်တော် ၈ မေ
ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်သိန်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၄ နာရီတွင် လွှတ်တော်ရေးရာဆောင် (I-5)၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့၏ တိုးတက်ကောင်းမွန်သော ဆက်ဆံရေး၊ ဗြိတိန်နိုင်ငံမှ ကူညီပေးအပ်နေသည့် ပညာရေးနှင့် ကျန်းမာရေးအကူအညီများကို ကျေးလက်ဒေသများသို့ ပိုမိုရောက်ရှိရေး၊ နှစ်နိုင်ငံပါလီမန်များ ဆက်ဆံရေးကို တိုးမြှင့်ရန် အစီအစဉ်များ၊ ဗြိတိန်နိုင်ငံ၏ လက်ရှိရင်ဆိုင်နေရသည့် Brexit နိုင်ငံရေးနှင့် ရှေးအလားအလာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
(သတင်းစဉ်)


