နေပြည်တော် ၆ မတ်
    

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် Inter- Parliamentary Union (IPU)၏ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မန်နေဂျာ Ms. Norah Babic အားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 
    

 

ထိုသို့တွေ့ဆုံစဉ် IPU အနေဖြင့် လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ IPU မှ ကြီးမှူးကျင်းပသည့် အစည်းအဝေးများတွင် ပါဝင်တက်ရောက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော်ရေးရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
 

 

(သတင်းစဉ်)