နေပြည်တော် ၇ မတ် 

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E. Mr. Kristian Schmidt အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် အီးယူနှင့် မြန်မာအကြားဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့်  ပါလီမန်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး၊ လွှတ်တော်၌ ဆောင်ရွက်လျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင်‌့ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ့ထုတ်ကုန်ပစ္စည်းများ အခွန်ကင်းလွတ်ခွင့်ပြုရေး သဘောတူညီချက် ဆက်လက်ထားရှိရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

(သတင်းစဉ်)