မန္တလေး ၂  မတ်

 

ပြည်သူလူထုအတွက် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သည့် ပုဂ္ဂလိကဆေးရုံ ၅ ခုကို ပထမဆုံးအကြိမ်အဖြစ် CSR (Corporate Social Responsibility ) ဆုများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပေးအပ်ခဲ့ကြောင်း မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်းမှ သိရသည်။

 

ယနေ့မန္တလေးမြို့ Royal Mingalar Hotel တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း သတ္တမအကြိမ်မြောက် နှစ်ပတ်လည်အထွေထွေမျက်နှာစုံညီ အစည်းအဝေးတွင် CSR ဆုများပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

‘နိုင်ငံတော်အစိုးရက ပုဂ္ဂလိကကဏ္ဍမှာ CSR တွေ လုပ်လာတာသိတယ်။ ဒါကိုသူတို့လည်း အသိမှတ်ပြုချင်တာ။  အသိမှတ်ပြုချင်တဲ့အတွက် ဒီဆုတွေပေးမယ်ဆိုပြီး လုပ်ဆောင်ချက်တွေ မူတည်ပြီး အချက်အလက်တွေပို့ခိုင်းတယ်။ PPP ရဲ့ ကဏ္ဍတစ်ခုပေါ့။ ဒီဆုတွေပေးတဲ့အခါ အနာဂတ်အတွက်လည်း ဆက်လုပ်စေချင်တယ်’ဟု မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံများအသင်းဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က ပြောသည်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကပေးအပ်သည့် CSR ဆု ပထမဆုကို ပင်လုံဆေးရုံ၊ ဒုတိယဆုကို ငြိမ်းဆေးရုံ၊ တတိယဆုကို အာရှတော်ဝင်ဆေးရုံ၊ အထူးဆုကို ဝိတိုရိယဆေးရုံနှင့် မန္တလာဆေးရုံတို့က ရရှိခဲ့သည်။

 

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဆေးရုံပေါင်း ၂၃၈ ခု၊ အထွေထွေရောဂါကုဆေးခန်း ၅၄၆၂ ခု၊ အထူးကုဆေးခန်း ၇၂၀၊ ရောဂါရှာဖွေရေးဓာတ်ခွဲခန်း ၂၁၈၊ ရောဂါရှာဖွေရေးဓာတ်မှန်လုပ်ငန်း ၁၃၇ ခု၊ သားဖွားခန်း ၄၇ ခုတို့ ခွင့်ပြုထားကြောင်း သိရသည်။

 

အိမို့မို့ခိုင်

 

age 53392