နေပြည်တော် ဇူလိုင် ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများသည် မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ ဉာဏ ဂုဏ်ရည်ကျောင်းတိုက်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ မြိုင်သဇင်ကျောင်းတိုက်၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ ဥဿာသီရိကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဓမ္မလောက ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မဟာဗောဓိဗုဒ္ဓဂါယာကျောင်းတိုက်၊ သာကေတမြို့နယ်ရှိ အောင်မော်စံ စာသင်တိုက်နှင့် အင်းစိန်မြို့နယ်ရှိ ကန်ဦးကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ဇောင်းကြမ်းပင်ကျောင်းတိုက်၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်ရှိ သာမဏေကျော်ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အလယ်ရွှေကျောင်း တိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ သာသနာပိုင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့ နယ်ရှိ မင်္ဂလာသုခ(ပါ)ကျောင်းတိုက်နှင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ မင်္ဂလာဂူကျောင်း တိုက်များသို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများ သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


