နေပြည်တော် ၃ မေ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဂျပန်နိုင်ငံ၊ အအိချိခရိုင် မြန်မာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ တိုရှီအို နီရှိမူရအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော စီမံကိန်းများနှင့် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများအား အသေးစိတ် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


