နေပြည်တော်  ၃၀ ဧပြီ 

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး H.E Mr. Steve Marshall နှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ နိုင်ငံ့ဝန်ထမ်းအဆင့်မြင့် အရာရှိကြီးများအတွက် ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Senior and Executive Leadership Scheme-SELS) ကို ရေးဆွဲပြုစုနေမှု၊ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဖွင့်လှစ်လျက်ရှိသည့် အဆင့်မြင့် အရာထမ်း စီမံခန့်ခွဲမှု သင်တန်းများတွင် ပံ့ပိုးကူညီပေးမည့် အစီအစဉ်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်ပေးရေး “English Language Training for Government Officials”  သင်တန်းပေးနေမှုနှင့်  နယူးဇီလန်နိုင်ငံ State Services Commision (SSC) မှ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုကျွမ်းကျင် ပညာရှင်(၂)ဦး လာရောက်၍ နည်းပညာဆိုင်ရာ အကူအညီအထောက်အပံ့များ ပေးရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြသည်။

 

(သတင်းစဉ်)