ရန်ကုန် ၂ မေ 

 


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ အေးရှားဝေါလ်ဆိပ်ကမ်းသို့ ရောက်ရှိပြီး အကောက်ခွန်ဦးစီးဌာန၏ သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ စစ်ဆေးဆောင်ရွက်မှုနေမှုနှင့် X-Ray စက်များဖြင့် ကုန်သေတ္တာစစ်ဆေးနေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

နတိ

 


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်နှင့် သီလဝါဧရိယာရှိ ဆိပ်ကမ်းများတွင် အကောက်ခွန်ဝန်ထမ်းများ တာဝန်ချထားမှု၊ အကောက်ခွန်စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကုန်သေတ္တာများ ဝင်ရောက်မှုနှင့်တင်ပို့မှုကို စစ်ဆေးပေးနိုင်မှု၊ ဆိပ်ကမ်းများတွင် X-Ray စက်များဖြင့် စစ်ဆေးဆောင်ရွက်နေမှု ဆိပ်ကမ်းများ၊ ရန်ကုန်လေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၊ အထူးကင်းနှင့် နယ်မြေအသီးသီးမှ တရားမဝင်အကောက်ခွန်မဲ့ ပစ္စည်းများ တားဆီး/ ဖမ်းဆီးနိုင်မှုအခြေအနေများကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြသည်။

 

ခလ

 


ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အကောက်ခွန်ဝန်ထမ်းများ အနေဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် နည်းမှန်လမ်းမှန်ဖြင့် ကျေပွန်စွာ ဆောင်ရွက်ရန်၊ အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် X-Ray စက်များကို ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်တင်းဝယ်ယူနိုင်ရေး စီမံဆောင်ရွက်ရန်၊ ဖမ်းဆီးရမိပစ္စည်းများကို အမြန်ဆုံးလေလံတင်ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်၊ အကောက်ခွန်ဦးစီးဌာန၏ ဝင်ငွေလျာထားချက်ပြည့်မီစေရန်နှင့် လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် ဝန်ထမ်းများ၏ လိုအပ်ချက်များကို တာဝန်ရှိသူများမှ အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။

 


(သတင်းစဉ်)

 

ဘာါ့