နေပြည်တော် ၂၉ ဧပြီ

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကမ္ဘာ့ဘဏ်မှ Lead Economist, Mr. Hans Anand Beck နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်လျက်ရှိသော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)