ရန်ကုန် ၃  မေ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ပြည်တွင်းအခွန်များဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄)သို့ ရောက်ရှိ ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးက အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး(၄)ရှိ အရာထမ်းများနှင့် တွေ့ဆုံစဉ် နိုင်ငံတော်၏ ဝင်ငွေရရှိရေးအတွက် အခွန်ကောက်ခံပေးသည့် ဌာနဖြစ်၍ ရိုးသားဖြောင့်မတ်မှုရှိရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများ၏ ဆောင်ရွက်မှုကို Key Performance Indicators များ ထားရှိဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် တက်တက်ကြွကြွနှင့် စိတ်ဝင်စားမှုရှိရန် လိုအပ်ကြောင်း၊ အဂတိတရား(၄)ပါးကို ရှောင်ကြဉ်၍ စေတနာထား ဆောင်ရွက်ကြစေလိုကြောင်းနှင့် အခွန်ထမ်းများကို မေတ္တာထားဆက်ဆံ၍ လုပ်ငန်းများ လွယ်ကူအဆင် ပြေချောမွေ့အောင်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)