နေပြည်တော် ၂၉ ဧပြီ

 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်း အခြေအနေအား လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင်အမှတ် (၁၉၂/ဝ နှင့် ၁၉၂/၁)ကြားရှိ တန်ဂျာတံတားအမှတ်(၁)သို့ ရောက်ရှိရာ တာဝန်ရှိသူများက တောင်ကျချောင်းရေကြောင့် ရေတိုက်စားပျက်စီး၍ ပြန်လည်ပြင်ဆင်ထားရှိမှု အခြေအနေ၊ (A1) ဘက်ကမ်းတွင် ယခင် (၅၀)ပေအစား (၇၀)ပေအကွာတွင် ကမ်းကပ်ခုံအသစ် တည်ဆောက်၍ ဘေလီသံပေါင်ဆက်ရန် ပြင်ဆင်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များကို မှာကြားသည်။

 

11+

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူလာရှီးဒီဂျစ်ကားကူး ကြိုးတံတားအဟောင်းနှင့် မူလာရှီးဒီတံတားအသစ်တို့၏ ကြံ့ခိုင်မှုအခြေအနေနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော မူလာရှီးဒီ- လမ်းနို(၂)- ဇီးအွန်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်သော ကောင်းမှုလုံ- မန်နို- ပန်ဆက် ကျေးရွာချင်းဆက်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ နမ့်ဝါးတိုင် ချောင်းကူး သံကူကွန်ကရစ် တံတားတည်ဆောက်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ပူတာအို-အထက်ဆန်ဂေါင်လမ်း အခြေအနေအား လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်သော အထက်ဆန်ဂေါင်- ဇီယာဒန်း- ရေခဲတောင်ခြေအစပ်ထိ မြေသားလမ်းဖောက်လုပ်မှုလုပ်ငန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများမှ လမ်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ယခုလမ်းကြီးပြီးစီးသွားပါက ရေခဲတောင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သည့်အတွက် လမ်းစံချိန် စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရန် မှာကြားပြီး လုပ်ငန်းခွင်အတွင်း စက်ယန္တရားများဖြင့် လမ်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောင်ရွက်သော ပူတာအို- လယ်မယ်ဝါဂျီ- နမ်ရှယ်ကော့ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဆောင်ရွက်ထားရှိမှုအား လမ်းတစ်လျှောက်နှင့် အရှည် (၂၇၀)ပေ နမ်ရှယ်ချောင်းကူး ဘေလီတံတားသို့ ရောက်ရှိပြီး တံတားကြံ့ခိုင်မှုအခြေအနေအား ကြည့်ရှု၍ တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သောပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။   

 

(သတင်းစဉ်)