နေပြည်တော်   ၃  မေ 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. David Hale အား ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

 

mdn

 

တွေ့ဆုံစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ လတ်တလောကြိုးပမ်း ဆောင်ရွက်မှု အခြေအနေများနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် အမေရိကန်မှ အကူအညီပေးအပ်ရေး ကိစ္စရပ်များအပေါ်  ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)