နေပြည်တော် ၈ မေ  

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌနှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ၁၀၈ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံသို့ တက်ရောက်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရေး၊ အလုပ်သမားအဖွဲ့အစည်း ဥပဒေ(မူကြမ်း) တွင်(CTUM)အဖွဲ့အနေဖြင့် ပြင်ဆင်ဖြည့်စွက်လိုသည့် ကိစ္စရပ်၊ အစိုးရ အလုပ်ရှင် အလုပ်သမား သုံးပွင့်ဆိုင်ယန္တရား ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)