နေပြည်တော် ၆ မေ 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်အား ယနေ့နံနက် ၁၀ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
    

 

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တရုတ်-မြန်မာစီးပွားရေးစင်္ကြန် အကောင်အထည်ဖော်ရေးဆိုင်ရာ Master Plan ကိုလက်မှတ်ရေးထိုးပြီးဖြစ်၍ အတော်အသင့်အခြေခိုင် နေပြီဖြစ်ရာ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေးမှာလည်း တစ်နေ့ထက်တစ်နေ့ အဓွန့်ရှည်တည်တံ့လာပြီဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
    

 

သံအမတ်ကြီးက အနာဂတ်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုမြှင့်တင်နိုင်ရန် မျှော်လင့်ပါကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အကောင် အထည်ဖော်ရာတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍသည် အရေးကြီးပါကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရန်ရှိသည့် လျှပ်စစ်နှင့်စွမ်းအင်စီမံကိန်းများကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးကဏ္ဍများ၊ ရေအားလျှပ်စစ်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍများတွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရေး မိမိတတ်အားသရွေ့ အားပေးကူညီသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။  

 


(သတင်းစဉ်)