နေပြည်တော် ၂၄ ဧပြီ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အသက်မွေးမှုနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (Livelihoods and Food Security Trust Fund - LIFT Fund)အား စီမံခန့်ခွဲလျက်ရှိသော UNOPS Myanmar မှ ညွှန်ကြားရေးမှူး Ms. Katy Webley နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌်တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် LIFT Fund ကဆောင်ရွက်မည့် (၂၀၁၉-၂၀၂၃)မဟာဗျူဟာ နှင့်ပတ်သက်၍လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်အစီအစဉ်များ၊ LIFT Fund ၏အကူအညီဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများနှင့်ဆောင်ရွက်ပြီးစီးမှု၊ စီမံကိန်းများဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အပါအဝင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၊ ဒေသဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့အစည်းများနှင့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်ကဆောင်ရွက်နေမှုများနှင့် အာဆီယံနိုင်ငံများအပါအဝင် မိတ်ဖက်နိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အ စည်းများအနေဖြင့်လည်း နိုင်ငံတော်နှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


