လျှိုပိတ်ဆည်နှင့်ကန်များ၌ ငါးသားပေါက်ကောင်ရေ ၁၈၀၀၀ ငါးမျိုးစိုက်ထည့်
နေပြည်တော် ဇူလိုင် ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မိသားစုများ၏ ၂၀၂၅ ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားများကို နေပြည်တော်ရှိ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ သတ်မှတ်နေရာအသီးသီး၌ ယနေ့ကျင်းပသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မိုးရာသီ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား - တောင်ညိုလမ်းဘေး ရှိ မင်္ဂလာကန်အမှတ် (၁) ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းစိုး နှင့်ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုဝင်များ တက် ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မင်္ဂလာကန်တော် အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးပြီး ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့်ဝန်ထမ်းများက ငါးမြစ်ချင်း ကောင်ရေ ၃၀၀၀ ကို မင်္ဂလာကန်အတွင်းသို့ စိုက်ထည့်ပေးသည်။
အလားတူ နိုင်ငံခြားရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီကာလ ငါးသားပေါက်များ မျိုးစိုက်ထည့်ပွဲ အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့် စီမံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်ဦးက ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများက နှစ်လက်မအရွယ် ငါးမြစ်ချင်းနှင့် ငါးကြင်းသားပေါက်ကောင်ရေ ၂၀၀၀ အား နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးအမှတ် (၉) ရှိ လျှိုပိတ်ဆည်အတွင်းသို့ ငါးမျိုးစိုက်ထည့်ကြသည်။
ထို့အတူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် - ၃ ရှိ လျှိုပိတ်ဆည်၌ ကျင်းပသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးကျော်ရွှေထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ ၃၀၀၀ နှင့် ထိုင်းငါးခုံးမ ငါးသားပေါက်ကောင်ရေ ၂၀၀၀ စုစုပေါင်း ငါးကောင်ရေ ၅၀၀၀ ငါးမျိုးစိုက်ထည့်ကြသည်။
အလားတူ နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာန ရုံးအမှတ် (၄) ပရဝဏ်တွင် ကျင်းပသည့် ကျန်းမာရေးဝန်ကြီးဌာန မိသားစု ၂၀၂၅ခုနှစ် မိုးရာသီငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူး ချုပ်များနှင့် ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဦးစီး ဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က ငါးသားပေါက်များကို ဝန်ကြီးဌာနရှိ လျှိုပိတ်ဆည်အတွင်းသို့ ဦးစွာစိုက်ထည့်ပေးကာ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာ ထမ်း၊ အမှုထမ်းများက ငါးလုပ်ငန်းဦးစီးဌာနမှ ပံ့ပိုးသောငါးသားပေါက် ကောင်ရေ ၂၀၀၀ ကို စိုက်ထည့်ပေးသည်။
ထို့အတူ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ပရဝဏ်အတွင်းရှိ အမှတ် (၁) ရေကန်၌ ကျင်းပသည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့်ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ငါးမြစ်ချင်းသားပေါက်၊ ငါးကြင်းရွှေဝါ သားပေါက်နှင့် ထိုင်းငါးခုံးမ သားပေါက်များကို စိုက်ထည့်ကြပြီး အရာထမ်း၊ အမှုထမ်းများက ငါးသား ပေါက်မျိုးစိတ်များကို ဆက်လက် စိုက်ထည့်ခဲ့ကြသည်။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင်လည်း ငါးမြစ်ချင်းသားပေါက် ကောင်ရေ ၁၀၀၀၊ ငါးကြင်းရွှေဝါသားပေါက် ကောင်ရေ ၁၀၀၀၊ ထိုင်းငါးခုံးမသားပေါက်ကောင် ရေ ၁၀၀၀ နှင့် ငါးမျိုးအစုံကောင်ရေ ၂၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင် ရေ ၅၀၀၀ ခန့်ကို စိုက်ထည့်ခဲ့ကြသည်။
အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန လျှိုပိတ်ဆည်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဇနီး၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများတက်ရောက်ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့်ဇနီး၊ ဒုတိယ ဝန်ကြီးများက ငါးမြစ်ချင်း၊ ငါးခုံးမသားပေါက်များကို ဝန်ကြီးဌာန လျှိုပိတ်ဆည်အတွင်းသို့ ဦးစွာ ငါးမျိုး စိုက်ထည့်ပေးခဲ့ကြကာဆက်လက်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းမိသားစုများက ငါးလုပ်ငန်းဦးစီးဌာနမှ ထောက်ပံ့သည့် ငါးမြစ်ချင်း၊ ငါးခုံးမ သားပေါက်ကောင်ရေ ၁၀၀၀ ကို ဝန်ကြီးဌာန လျှိုပိတ်ဆည်အတွင်းသို့ ငါးမျိုး စိုက်ထည့်ပေးခဲ့ကြသည်။
ယနေ့တွင် ဝန်ကြီးဌာနများအလိုက် စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၈၀၀၀ ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်



