ပန်းတောင်း ဇူလိုင် ၂၇

 

ပန်းတောင်းမြို့နယ်၌ ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းမှစတင်ကာ ဥသျှစ်ပင်တိုက်နယ်ဆေးရုံ၌အခြေပြု၍ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်း အခမဲ့ဆေးကုသပေးသည်။(ဝဲပုံ)

 

ထိုသို့ကုသပေးရာတွင် အထွေထွေရောဂါအထူးကု၊ ခွဲစိတ်ရောဂါ အထူးကု၊ သားဖွားမီးယပ်အထူးကု၊ ကလေးအထူးကု၊ မျက်စိအထူးကု၊ သွားနှင့်ခံတွင်းအထူးကု၊ အထူးကုဆရာဝန်(ဓာတ်မှန်) ဆရာဝန်ကြီးများက အထွေထွေလူနာ ၁၃၇ ဦး၊ ခွဲစိတ်လူနာ ၁၇ ဦး၊ သားဖွားမီးယပ် ရောဂါလူနာ ၁၂ ဦး၊ မျက်စိရောဂါလူနာ ၈၈ ဦး၊ ကလေးလူနာ ၁၂ ဦး၊ သွားရောဂါလူနာ ၁၆ ဦး၊ တီဘီဓာတ်မှန်ရိုက်လူနာ ၄၀ စုစုပေါင်းလူနာ ၃၂၂ ဦးအား အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးထံမှ သိရသည်။

 

အဆိုပါ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို ပြည်မြို့ ခုတင်(၅၀၀) ဆေးရုံအုပ်ကြီး၊ ဗိုလ်မှူးကြီး တင်မောင်ချို၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးဖြိုးသူစိုး၊ မြို့ နယ်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူ များက လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီပံ့ပိုး ခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)