နေပြည်တော် ၄ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ မသန်းစွမ်းသူ (၁၂၆)ဦးအား မေ ၃ ရက်၊ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးအောင်၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးနှင့် တာဝန်ရှိသူများသည် မသန်စွမ်းထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မသန်စွမ်းထောက်ပံ့ငွေများပေအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်လလျှင် တစ်ဦးကို တစ်သောင်းကျပ်နှုန်းဖြင့် (၃)လတစ်ကြိမ် အိမ်တိုင်ရာရောက် လိုက်လံ ပေးအပ်လျက်ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


