မန္တလေး ၁  မေ 

ထိုင်းနိုင်ငံ သံရုံး၏ ကူညီပံ့ပိုးမှု ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (မြန်မာ)၏အားပေးကူညီမှုဖြင့် ထိုင်း တက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းမှ ဦးစီးကျင်းပသည့် ပထမအကြိမ် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲ(၂၀၁၉)ကို ယမန်နေ့ နံနက် ၉နာရီက မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၁×၃၂လမ်းကြား၊ မြို့ပတ်လမ်းရှိ ရွှေပြည်သာဟိုတယ်၊ သာရတနာခန်းမတွင် ကျင်းပခဲ့သည်။ 

အဆိုပါပြပွဲတွင် ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကောင်းဇံက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မန္တလေးနည်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးနှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမိုးကျော်ကျော်တို့က အမှာစကား အသီးသီးပြောကြားသည်။ 

ယင်းပြပွဲ၌ ထိုင်းနိုင်ငံသို့ ပညာသင်သွားလိုသော ကျောင်းသား၊ ကျောင်းသူများ အတွက် ထိုင်နိုင်ငံရှိ Top Universities (၁၈)ခု ခန့်နှင့်အတူ နာမည်ကြီးတက္ကသိုလ်များမှ ပါဝင်ပြသပြီး ကျောင်းသား၊ ကျောင်လိုသည့် Program များ၊ ပညာသင်ဆု အကြောင်းများကို လေ့လာမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်းနှင့် အလားတူ ပညာရေးပြပွဲကို ဧပြီ ၂၇ ရက်က ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)