ပုဇွန်တောင်   ၈   မတ်


စားသုံးသူ မိဘပြည်သူများအား ဘေးအန္တရာယ် ကင်းရှင်းသည့် စားသောက်ကုန်နှင့် ကုန်ပစ္စည်းများကို အသုံးပြုနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်) FDA မှ တာဝန်ရှိသူများနှင့် ပူးပေါင်း အဖွဲ့ဝင်များသည် မတ်လ(၈)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် ရေကျော်ဈေးတွင် ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စားသောက်ကုန်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများကို ရှောင်တခင် ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

 

1


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (ရန်ကုန်) FDA မှ ဒေါက်တာ ဖြိုးမာန်သက်ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက ဈေးအတွင်း ရောင်းချလျက်ရှိသည့် မုန့်ဖတ်၊ နန်းကြီး၊ ညှပ်ခေါက်ဆွဲ၊ ငါးပိ၊ လက်ဖက်၊ ပဲပြားနှင့် ချဉ်ဖတ်မျိုးစုံ ကိုလည်းကောင်း၊ ဈေးအတွင်း သုံးစွဲရန် မသင့်သည့် အလှကုန်ပစ္စည်းများ၊ သက်တမ်း လွန်ဆေးဝါးများနှင့် မှတ်ပုံမတင်သည့် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး ဈေးတာဝန်ခံရုံးတွင် ဈေးရောင်းချသူများအား တားမြစ်ကုန်ပစ္စည်းများ ရောင်းချမှု မရှိစေရေး အသိပညာပေး ဟောပြောခဲ့ကြပြီး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။


ထိုသို့ စစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ (ရန်ကုန်) FDA မှ တာဝန်ရှိသူများ၊ မြို့နယ်ထွေ/အုပ်၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေး၊ ဈေးတာဝန်ခံများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း စစ်ဆေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။ 


MDN