ပုသိမ်ကြီး နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် နန္ဒာကျေးရွာ တောင်သူ ဦးမောင်သန်း၏ လယ်မြေ၌ မိုးစပါး (အောင်နိုင်တိုး) စိုက်ခင်းအား စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။
အဆိုပါ အောင်နိုင်တိုး မျိုးသန့်စပါးစံပြကွက် တစ်ဧက ရိတ်သိမ်းရာ စပါးအစို တင်း ၁၂၀ နှုန်း ထွက်ရှိခဲ့သည်။ စံကွက်ရိတ်သိမ်းပွဲသို့ တက်ရောက်လာသည့် တောင်သူများအား တာဝန်ရှိသူများက သစ်စိမ်းမြေဩဇာမျိုးစေ့ (ပိုက်ဆံလျှော်)များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)


