ဆစ်ဒနီ  ဩဂုတ်   ၃

ဩစတြေးလျနိုင်ငံ    အရှေ့ဘက်ကမ်းရိုးတန်းရှိ  နယူးဆော့ဝေးလ်ပြည်နယ်၌  မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းနှင့် ဆီးနှင်းများ ကျဆင်းခြင်းတို့ကြောင့် နေအိမ်ပေါင်း   ၂၇၅၀၀  ကျော်မှာ လျှပ်စစ်ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု ဩစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း(အေဘီစီ) က   ဩဂုတ်   ၂   ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါဒေသရှိ လျှပ်စစ်သုံးစွဲသူများသည် ညလုံးပေါက်လျှပ်စစ်မီးပြတ်တောက်မှုအတွက် ကြိုတင် ပြင်ဆင်ထားသင့်သည်ဟု  ဒေသခံလျှပ်စစ်ဓာတ်အားပေးကုမ္ပဏီ  အက်ဆန်ရှယ်အင်နာဂျီ၏ ထုတ်ပြန်ချက်ကို    ကိုးကားကာ အေဘီစီ  အသံလွှင့်ကော်ပိုရေးရှင်း၌ ဖော်ပြခဲ့သည်။

ကုမ္ပဏီမှ ဝန်ထမ်းများသည် လျှပ်စစ်မီးပြန်လည်ရရှိရေး လုပ်ဆောင်နေသော်လည်း ပြင်းထန်သည့်     ရာသီဥတုအခြေအနေကြောင့် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ယခုလို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နယူးဆော့ဝေးလ်ပြည်နယ်  အရေးပေါ်ဝန်ဆောင်မှု(အက်စ်အီအက်စ်)က ဩဂုတ်  ၂  ရက်  မွန်းလွဲပိုင်းတွင် ပြည်နယ်အတွင်းရှိ ကော့ဖ်ကမ်းခြေ၊  မစ်နော့ကမ်းခြေ၊  အာပါး ဟန်တားနှင့်နယူးအင်္ဂလန် ဒေသတို့တွင်  မိုးရွာသွန်းမှု အလယ်အလတ်အဆင့်မှ ပြင်းထန်နိုင် ကြောင်း ၎င်းတို့၏  ဝက်ဘ်ဆိုက်တွင်ဖော်ပြထားသည်။    ဩဂုတ် ၂   ရက်က  မုန်တိုင်းနှင့်ပတ်သက် သည့်   သတိပေးချက်  ၂၈    ချက် ထုတ်ပြန်ထားပြီး   အနည်းငယ် ရေကြီးရေလျှံမှုနှင့် အသင့်အတင့် ရေကြီးရေလျှံမှုများ  ဖြစ်ပေါ်နိုင်သည်ဟု  ခန့်မှန်းထားသည်။  ပြည်နယ်အရေးပေါ်   ဝန်ဆောင်မှု ဌာနမှ လက်ထောက်ကော်မရှင်နာ နကိုးလ်ဟိုဂန်က  မိုးသည်းထန် စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပေါ်ပြီး သွားလာရခက်ခဲစေနိုင်ကြောင်း ပြောကြားသည်။ မြောက်ပိုင်း တေဘလ်လန်းဒေသတွင်လည်း     နှင်းများထူထပ်စွာ ကျဆင်းနေပြီး  နှင်းထူထပ်မှုကြောင့် ကားအစီးရေ  ၂၀၀အထိ ပိတ်မိနေခဲ့ကြောင်း  အေဘီစီတွင် ဖော်ပြထားသည်။         

ဆင်ဟွာ