ရှားတော ၂၅ ဧပြီ
ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနသည် လူတိုင်း သက်တမ်းစေ့ နေထိုင်နိုင်ရန်နှင့် ရောဂါဘယကင်းရှင်းရန် ရည်ရွယ်၍ မြို့နယ်ဆရာဝန် ဒေါက်တာနေအောင်ဝင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာလှိုင်ထွန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများသည် ရှားတောမြို့နယ်၊ တေးလဲကျေးရွာခန်းမဆောင်တွင် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန် ဒေါက်တာနေအောင်ဝင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန် ဒေါက်တာလှိုင်ထွန်းဦး နှင့် ကျန်းမာရေး ဝန်ထမ်းများသည် တေးလဲကျေးရွာရှိ ပြည်သူများအား သွားနှင့် ခံတွင်းစစ်ဆေးခြင်း၊ သွေးပေါင်ချိန်၊ ကိုယ်အလေးချိန်၊ မျက်စိ၊ နား စသည့် ကျန်းမာရေး နှင့်ပတ်သက်သည်များကို တစ်ဦးချင်း စစ်ဆေးပေးပြီး လိုအပ်သည်များကို ကုသဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် မြို့နယ်ဆရာဝန် ဒေါက်တာနေအောင်ဝင်းက နွေရာသီ အပူဒဏ်အန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထွန်းအောင်(ပြန်/ဆက်)


