၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၃၁) ရက်
မြန်မာစံတော်ချိန် (၂၂) နာရီ၊ (၂၇) မိနစ်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၆၇) မိုင်ခန့်အကွာ၊ ဟုမ္မလင်းမြို့၏ အနောက်မြောက်ဘက် (၁၉) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၂၅ ဒသမ ၁၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄ ဒသမ ၇၇) ဒီဂရီ၊ အနက် (၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။
#မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန


