တီးတိန် ၂၉ ဧပြီ            


ချင်းပြည်နယ် တီးတိန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်(VDP) ရန်ပုံငွေ ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ် သိန်း ၁၀ဝ စီဖြင့် ကျေးရွာ ၁၄ ရွာ၌ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှောင်စောန်းကျေးရွာ၌ ပြည်သူများ၏ လိုလားတောင့်တလျက်ရှိသည့် သောက်သုံးရေရှိရေးအတွက် ရေတွင်းတူးဖော်နေမှုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တီးတိန်မြို့နယ် ဦးစီးမှူး  ဦးဝုန့်ပြင်းထန်နှင့် တာဝန်ရှိသူတို့က ယနေ့နံနက်ပိုင်း၌ သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှ လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရေတွင်း ၆ တွင်း တူးဖော်ရန် လျာထားပြီး ၃ တွင်းမှ အောင်မြင်စွာ သောက်သုံးရေ ရရှိနေပြီဖြစ်သည်။ ကျန် ၃ တွင်းကိုလည်း ဆက်လက်တူးဖော်လျက်ရှိကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးထံမှ သိရသည်။


MDN