ရန်ကုန် ၅ မတ် 

 


လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်၊ တောင်သူများ စိုက်ပျိုးရေအကျိုးရှိစွာ အသုံးပြုနိုင်ရေးတို့အတွက် သန်လျင်မြို့၊ ဖားကူးအနောက်ကျေးရွာနှင့် ဒေဇက်ကျေးရွာအနီး စိုက်ပျိုးဧက ၂၅၀ဝ ကျော် အကျိုးပြုမည့် ၆ ပေ၊ ၈ ပေ၊ ၄ ပေါက် အထောင်ရေတံခါး တည်ဆောက်လျက်ရှိကြောင်း သန်လျင်မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။ 

 

aa

 

ရေတံခါးတည်ဆောက်ခြင်းအပေါ် ဖားကူးအနောက်ကျေးရွာ ဒေသခံတောင်သူ ဦးမောင်သိန်းက “ကျွန်တော်တိုု့ ဒီဘက်ကွင်းတွေမှာ ပဲခူးမြစ်ရေတက်လာရင် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်ပါတယ်။ အခုလို ရေတံခါးတည်ဆောက်ပေးတော့ နွေစပါးစိုက်ချိန်မှာ ရေငန်ဝင်ရောက်မှု ကာကွယ်ပေးသလို ရေချိုသိုလှောင်ပေးခြင်းဖြင့် နွေစပါးစိုက်ပျိုးမှုလည်း အောင်မြင်နိုင်မှာဖြစ်တယ်။ ရေတံခါးတည်ဆောက်ရာမှာ ပါဝင်သည့် လယ်ယာမြေများအတွက်လည်း မြေယာနစ်နာကြေးတွေပေးလို့ ကျေးဇူးတင်ပါတယ်”ဟု ပြောသည်။ 

 

df

 

အဆိုပါ ရေတံခါး ၆ ပေ၊ ၈ ပေ၊ ၄ ပေါက် အထောင်ရေထိန်းတံခါးအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် စတင်တည်ဆောက်လျက်ရှိကာ ဧပြီလတွင် လုပ်ငန်းအားလုံး ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

 


သက်ခိုင် (သန်လျင်)
 

dfd

 

 

df