ရေကြည် နိုဝင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်း (ပုသိမ်) တို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျုံပျော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဌေးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေအေးတို့က အမှာစကားပြောကြားပြီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်း (ပုသိမ်)မှ ဒုတိယကျောင်းအုပ် ဆရာမကြီး ဒေါ်ဆုနှင်းထိုက်က အခြေခံအင်္ကျီချုပ်နည်း ရှစ်မျိုးကို စာတွေ့ လက်တွေ့ သင်ကြားပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို ၄၅ ရက်ကြာ ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


