ချောက် ၂၅ ဧပြီ

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဆားတောင်ကျေးရွာအုပ်စု၊ မကျီးပင်တပ်ကျေးရွာနေ ပြည်သူများအား နွေရာသီ ကာလအတွင်း သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ယမန်နေ့က မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ယာဉ်ဖြင့် အဆိုပါကျေးရွာနှင့် ၄ ဖာလုံခန့်အကွာရှိ မြင်းသောက်ကန်မှ ရေကိုသန့်စင်ပြီး သောက်သုံးရေဂါလံ ၁၅၀ဝ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

မကျီးပင်တပ်ကျေးရွာ၌ သောက်သုံးရေရရှိရေးအတွက် စက်ရေတွင်းတူးဖော်ခဲ့သော်လည်း မြေအောက်ရေအောင်းလွှာ မတွေ့ရှိရသဖြင့် ရေမရရှိခဲ့ကြောင်း၊ ချောက်မြို့နယ်အတွင်း လတ်တလောတွင် စံချိန်တင်အပူချိန်များ မြင့်တက်နေမှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၅၂ စု၊ လူဦးရေ ၅၃၀ အတွက် သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ဖြန့်ဝေပေးရခြင်းဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောပြသည်။

 

မကျီးပင်တပ်ကျေးရွာတွင် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာနှင့် ၄ ဖာလုံခန့်အကွာရှိ မြင်းသောက်ကန်မှ ရေကို ကျေးရွာသို့သွယ်ယူပြီး ကျေးရွာတွင် အမြင့်တင်ရေစင်တည်ဆောက်ကာ အိမ်တိုင်ရာရောက်ရေရရှိရေး ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

သန်းလွင်(မကွေး)

 

mdn