နေပြည်တော် ၃၀ ဧပြီ
ယနေ့ နံနက် ၁ နာရီ ၅၃ မိနစ် ၄၉ စက္ကန့်တွင် မြဝတီမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၇၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ရေးမြို့၏ အရှေ့မြောက်ဘက် (၃၇)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၁၅ ဒသမ ၆၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈ ဒသမ ၂၀)ဒီဂရီ၊ အနက် (၁၅)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃ ဒသမ ၇) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
MDN


