မတ် ၃၁
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၃၁.၃.၂၀၂၂) ရက်နေ့တွင် ရေနည်းမည့်အခြေအနေ သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ မန္တလေးမြို့တွင် (၃၁၆) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် ၂၀၂၂ ခုနှစ် ဧပြီလ ပထမ(၁၀)ရက်ပတ် အတွင်း လက်ရှိရေမှတ်အထက် (၁) ပေခန့် မြင့်တက်နိုင်သော်လည်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၃၆၀) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်ပါသည်။
မိုး/ဇလ


