နေပြည်တော် ၂၀ ဧပြီ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၀.၄.၂၀၂၀) ရက်နေ့တွင် ရေနည်းမည့် အခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်သည်။
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မင်းဘူးမြို့တွင် (၃၇၉) စင်တီမီတာသို့ ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်အထက် (၁)ပေ ခွဲခန့် မြင့်တက်လာနိုင်ပြီး ဧပြီလ တတိယ (၁၀)ရက်ပတ်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာ အထက်သို့ ပြန်လည်ရောက်ရှိနိုင်သည်။
ဧရာဝတီမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မကွေးမြို့တွင် (၃၇၈) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်အထက် (၁)ပေ ခွဲခန့် မြင့်တက်လာနိုင်ပြီး ဧပြီလ တတိယ (၁၀)ရက်ပတ်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၄၁၀) စင်တီမီတာ အထက်သို့ ပြန်လည်ရောက်ရှိနိုင်သည်။
ချင်းတွင်းမြစ်ရေသည် ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ မုံရွာမြို့တွင် (၆၉) စင်တီမီတာသို့ ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် (၅)ရက်အတွင်း ယင်းမြို့၏ ရေနည်းသတိပေးမှတ် (၁၀ဝ) စင်တီမီတာအောက်တွင် ဆက်လက်တည်ရှိနိုင်သည်။
MDN


