၃၀ ဇန်နဝါရီ
လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ရေယာဉ် အလန်ကာဒီ သည် ရွှေ့ပြောင်းအလုပ်သမား ၇၇ ဦး ကိုကယ်တင်ခဲ့ပြီး မော်လတာနိုင်ငံသို့ ယမန်နေ့ ညနေပိုင်းက ဆိုက်ရောက်ခဲ့သည်။
ထိုရွှေ့ပြောင်းအလုပ်သမားများကို မော်လတာ ကင်းလှည့်ရေယာဉ်ပေါ်သို့ လွှဲပြောင်းပေးခဲ့ပြီး မော်လတာစစ်တပ်၏ Hay Wharf အခြေစိုက်စခန်းသို့ ည ၉နာရီ ခန့်က ရောက်ရှိခဲ့သည်။
၎င်းတို့အားလုံး ဆေးကုသမှုခံယူရန်မလိုအပ်ကြောင်းနှင့် ၎င်းတို့ကို ထိန်းသိမ်းရေးစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


