ရေဖြူ   အောက်တိုဘာ   ၁၆

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၌  ယမန်နေ့နံနက်ပိုင်းက  ၂၀၂၅   ခုနှစ်    မိုးရာသီ  မိုးစပါးပန်းတိုင်စံပြ စိုက်ကွက်နှင့်  ဆောင်းသီးနှံစိုက်ပျိုးသည့်  တောင်သူများအား (စတုတ္ထအကြိမ်) ယူရီးယားဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူး‌ပေးအပ်ခြင်း အခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုး‌ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းက နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိကာ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများကို  ဈေးနှုန်းချိုသာစွာ ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ် များ မှန်ကန်စွာစိုက်ပျိုးနိုင်ရေးအတွက်  ၂၀၂၅ ခုနှစ်   မိုးရာသီ   မိုးစပါးပန်းတိုင်စံပြစိုက်ကွက်နှင့် ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများအား   (စတုတ္ထအကြိမ်)   ယူရီးယားဓာတ်မြေဩဇာများ     ဈေးနှုန်းချိုသာစွာ     ဖြန့်ဖြူး‌ပေးအပ်ခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့် တာဝန်ရှိသူများက  တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ကာ   ရေဖြူမြို့နယ်အတွင်းရှိ   မိုးရာသီ  မိုးစပါးပန်းတိုင်စံပြစိုက်ကွက်နှင့်  ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား  စျေးနှုန်းချိုသာစွာ  ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦး‌ကျော်မင်းထံမှ သိရသည်။

ရေဖြူ(ပြန်/ဆက်)