ရွှေပြည်သာ နိုဝင်ဘာ ၁၂
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေပြည်သာမြို့နယ် အမှတ် (၁၃) အခြေခံပညာ အလယ်တန်းကျောင်း၌ အသိပညာပေး ဟောပြောသည်။
ဟောပြောပွဲတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်းစိန်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးသိန်းအေးထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များနှင့် တိုင်းဒေသကြီး(ရုံးခွဲ) ရွာသာကြီးမှ စစ်ဆေးရေးမှူး(၃) ဦးကျော်ထင်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် သတိပြုလိုက်နာရမည့် မီးပွိုင့်များအကြောင်း၊ Road Sign များအကြောင်းကို အသိပညာပေး ရှင်းလင်းဟောပြောသည်။
ထို့နောက် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြပြီး တက်ရောက်လာသူများက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
နေမျိုးထွန်း(ရွှေပြည်သာ)


