တောင်ကြီး ၂၆ ဧပြီ
ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကလောမြို့နယ်အတွင်း ကျေးရွာ (၂)ရွာ နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်အတွင်း ကျေးရွာ (၅)ရွာတို့တွင် ရေရှားပါးပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဧပြီလအတွင်း လက်ရှိအချိန်အထိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေများလှူဒါန်းပေးလျက်ရှိကြောင်း၊ ရှမ်းပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးထံမှ သိရသည်။
နွေရာသီအချိန်ကာလတွင် နေရာဒေသတိုင်း၌ စိမ့်စမ်းရေများ၊ ရေထွက်များ ခမ်းခြောက်လာသဖြင့် ကျေးရွာနေပြည်သူ များ သောက်ရေသုံးရေ အခက်အခဲများနှင့် ကြုံတွေ့နေရာသည့်အချိန်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကလောမြို့နယ်၊ မိုးကောင်းကျေးရွာတွင် အိမ်ခြေ (၃၇)အိမ် လူဦးရေ (၁၇၀)ဦး အတွက် ရေဂါလံ (၁၀ဝ၀)၊ လယ်ခေါင်းကျေးရွာတွင် အိမ်ခြေ (၁၅၂)အိမ် လူဦးရေ (၇၁၅)ဦးအတွက် ရေဂါလံ (၁၁၅၀) ဖြန့်ဝေပေးခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြေခြားတောင်ကျေးရွာတွင် အိမ်ခြေ (၃၀)အိမ် လူဦးရေ (၁၁၈)ဦးအတွက် ရေဂါလံ (၁၂၀ဝ)၊ ရှားပြားကျေးရွာတွင် အိမ်ခြေ (၂၁၉)အိမ် လူဦးရေ (၉၅၅)ဦးအတွက် ရေဂါလံ (၄၈၀ဝ)၊ ဝါတရာကျေးရွာတွင် အိမ်ခြေ (၁၁၆)အိမ် လူဦးရေ (၄၉၀)ဦးအတွက် ရေဂါလံ (၂၄၀ဝ)၊ ကျောက်ကြားကျေးရွာတွင် အိမ်ခြေ (၁၀၅)အိမ် လူဦးရေ (၄၅၄)ဦးအတွက် ရေဂါလံ (၂၄၀ဝ)၊ ကြိမ်တောကျေးရွာတွင် အိမ်ခြေ (၈၇)အိမ် လူဦးရေ (၄၂၉)ဦးအတွက် ရေဂါလံ (၂၄၀ဝ) ဖြန့်ဝေပေးခဲ့ပြီး ကုန်းသာကျေးရွာတွင် ရေသန့်စက်ကားဖြင့် ရေဂါလံ (၂၀ဝ၀)ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။
ကျေးရွာများတွင် ရေပြတ်လပ်မှုရှိပါက သက်ဆိုင်ရာ ကျေးလက်ဒေသရုံးသို့ ဖုန်းဖြင့်ဆက်သွယ်၍ လည်းကောင်း၊ လူကိုယ်တိုင်လာရောက် အကြောင်းကြားနိုင်ကြောင်းနှင့် ကျေးလက်ဒေသရုံးအနေဖြင့် ရေများကို ကွင်းဆင်းဖြန့်ဝေပေး လျက်ရှိကြောင်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်မူးခိုကောက ပြောခဲ့သည်။
မောင်မောင်သန်း (တောင်ကြီး)


