ရွှေသောင်ယံ ၆ မေ
အပူဒဏ်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၁ဝ နာရီက ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် သဘော့ကန် ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးမှူး ဦးမျိုးအောင်ကျော်မှ အပူဒဏ်ကာကွယ်ရေးနှင့် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး မြို့အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်က အပူဒဏ်ကြောင့် ဖြစ်ပေါ်သော လက္ခဏာများ၊ သွေးလွန်တုပ်ကွေးကြောင့် ဖြစ်ပေါ်သော လက္ခဏာများ တွေ့ရှိပါက အကြောင်းကြားပေးရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်တို့ကို ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ ရွှေသောင်ယံမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)


