ရန်ကုန် ၁၉ မတ်
ရွှေတိဂုံစေတီတော် ဘဏ္ဍတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် ရွှေတိဂုံစေတီတော် ၂၆၀၇ နှစ်မြောက် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယနေ့ညနေ (၄)နာရီတွင် ရွှေတိဂုံစေတီတော် ရင်ပြင်တော်ပေါ်၌ ကျင်းပသည်။
အခမ်းအနားတွင် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ဆရာတော်ကြီးများအမှူးပြုသော သံဃာတော် (၁၁၇)ပါး နှင့်သီလရှင် (၂၇)ပါး၊ စုစုပေါင်း (၁၄၄)ပါးတို့က ရင်ပြင်တော်တစ်ပတ် လှည့်လည်ဆွမ်းဆန်တော် အလှူခံရာ ရန်ကုန်တိုင်းစစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနှင့်ဇနီး၊ တာဝန်ရှိသူများ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးအသင်းအဖွဲ့များမှ ဝတ်အသင်းသူ အသင်းသားများနှင့် စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်များ ဆက်ကပ်လောင်းလှူကြသည်။
သတင်း-ဓါတ်ပုံ၊ဇော်မင်းလတ်


