နေပြည်တော် နိုဝင်ဘာ ၅
ရှေ့တန်းစစ်မျက်နှာများတွင် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပြီး အောင်ပွဲအလီလီရယူနိုင်ခဲ့သော အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယမန်နေ့ညနေပိုင်းတွင် မိုင်းပွန်မြို့ရှိ နယ်မြေခံတပ်၌ ပြုလုပ်ရာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။
ထိုသို့ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုရာတွင် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်ပွဲရရှေ့တန်း ပြန်တပ်မတော်သားများအား အောင်သပြေခက်ကမ်း၍ ဂုဏ်ပြုပန်းကုံးများစွပ်ပြီး အိုးစည် ဒိုးပတ်၊ အတီး အမှုတ် အက အခုန် များဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


