ကျောင်းကုန်း ၂၃ မတ် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကညင်သုံးဆင့်အုပ်စု၊ နတ်ရေတွင်းကျေးရွာတွင် နှစ်ပေါင်း ၂၀ဝ နီးပါးသက်တမ်းရှိသော ရေတွင်းအား မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ရွာသူရွာသားများက ပြန်လည်တူးဖော်စဉ် ရွှေဒင်္ဂါး၊ ငွေဒင်္ဂါး ဟု ယူဆရသော ကြေးပြား(၄၀)ပြားကျော်နှင့် အင်းချပ် တစ်ချပ်တွေ့ရှိခဲ့သည်ဟု ကွင်းကြီးကျေးရွာနေ ကိုမျိုးဇော်က ပြောသည်။

 

received_27

 

အဆိုပါ ရေတွင်းသည် လပြည့်နေ့ရောက်တိုင်း အုန်းစိမ်းရည်နံ့အရသာရှိကြောင်း၊ သောက်သုံးသူတိုင်း (၉၆)ပါးရောဂါ ပျောက်ကင်းကြောင်း၊ ထိုရေတွင်းကို အစွဲပြု၍ "နတ်ရေတွင်း"ကျေးရွာဟုခေါ်ဆိုကြောင်း  ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ဒင်္ဂါးပြားများအား ခုနှစ်ရက်တိုင်တိုင် ပြသထားရာ လာရောက်ကြည့်ရှုသူ အမျိုးသား အမျိုးသမီးများ ကိုင်တွယ်ကြည့်ရှုကြသဖြင့်  အမဲရောင်သို့ပြောင်းသွားကြောင်း၊ အနီးအနားကျေးရွာများမှလည်း လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)

 

IMG_20190