ဂွ  ၄  မတ်     


ရခိုင်ပြည်နယ်အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာမှ ဂွမြို့ ရဟိုင်ကူးတို့ ကျေးရွာအုပ်စု စည်ပင်ကျေးရွာတွင် ဆောက်လုပ်လျက်ရှိသော  စက်မှုလက်မှု နည်းပညာ အထက်တန်းကျောင်း ဆောက်လုပ်ပြီးစီးနေမှု အခြေအနေကို ယနေ့ နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါ နည်းပညာအထက်တန်း ကျောင်းဆောင်မှာ RC (၃)ထပ်ဖြစ်ပြီး အလျား (၁၉၂)ပေနှင့် အနံ(၃၈)ပေရှိကြောင်းနှင့် သဇင်ငြိမ်း ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ကြောင်း မြို့နယ် (ပြန်/ဆက်) မှ သိရသည်။ 


MDN