စစ်တွေ ၂၇ ဧပြီ
၂၀၁၉ ခုနှစ် ရခိုင်ပြည်နယ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၉)ပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာမဟာ မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ စစ်တွေမြို့၊ မေယုလမ်း၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသူများက အဘိဓဇမဟာရ ဋ္ဌဂုရုဘွဲ့တံဆိပ်တော်ရ ပြည်နယ်သြဝါဒါစရိယ၊ စစ်တွေမြို့၊ ဒက္ခိဏာရာမကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒ မဟာထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၉)ပါး၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားပူဇော်ကာ ဝန်ကြီးချုပ်ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အတွင်းရေးမှူး၊ တရားသူကြီးချုပ်နှင့် ဥပဒေချုပ်တို့က ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များနှင့် နဝကမ္မအလှူငွေများအား ဆက်ကပ်ပူဇော်ကြသည်။
ဆက်လက်၍ ပင့်သံဃာတော်(၃၆)ပါးထံ အလှူရှင်မြို့မိမြို့ဖများက လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် ဂုဏ်ပြု နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
စစ်တွေမြို့ ဒက္ခိဏရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တစန္ဒက သာရဏီယသြဝါဒကထာတွင် ဘွဲ့ရဆရာတော်များက ပညာများဖြန့်ဝေကြရန် မြွက်ကြားချီးမြှင့်ပြီး အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်သံဃာ့ဝန်ဆောင် မြောက်ဦးမြို့၊ အောင်မင်္ဂလာကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တပညာသာမိ မဟာထေရ်မြတ်က အနုမောဒနာတရားဖြင့် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
သတင်းစဉ်


