နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
ကြည့်ရှုအားပေး
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ဒပြုချောင်းကျေးရွာအုပ်စု ဒပြုချောင်းကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးကြပြီး မုန်တိုင်းဒဏ်သင့်ကျေးရွာ အုပ်စု ငါးအုပ်စုတို့မှ ဒေသခံပြည်သူများနှင့် ကျေးရွာ ကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
ထို့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံ၍ မုန်တိုင်းသင့်ပြည်သူများ ပြန်လည် ထူထောင်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးပြုလုပ်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကျောက်တော်မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ်အောင်သူဦးနှင့် တာဝန်ရှိသူများသည် မဟာကကြီးသျှင် ဘုရားကြီးပရိဝုဏ်အတွင်းရှိ မေတ္တာဥယျာဉ် ပညာဒါနပရဟိတကျောင်း ဆရာတော် မဟာပရဟိတဓရ ဘဒ္ဒန္တနန္ဒာစာရအား သွားရောက် ဖူးမြော်ပြီး ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် အခြားလှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


