စစ်တွေ  ၂   မတ် 

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA) တို့ပူးပေါင်း၍ ရခိုင်ပြည်နယ် တရားလွှတ်တော်၏ အစီအစဉ်ဖြင့် သက်သေခံအထောက်အထား အမျိုးအစားအသစ်များကို ကိုင်တွယ်ကျင့်သုံးခြင်းနှင့် တရားရုံးမှ ဦးဆောင်သည့် စေ့စပ်ဖြန်ဖြေရေးစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ တွင် စစ်တွေဟိုတယ်၌ ကျင်းပသည်။

 

_DSC

 

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်က အဖွင့်အမှာစကားပြောကြားသည်။ 

 

ထို့နောက် တရားရုံးများ၌ အသုံးပြုလာနိုင်သည့် သက်သေခံပစ္စည်းအသစ်များ၏ အခြေခံသဘောတရားများ၊ ဒီဂျစ်တယ်သက်သေခံချက်များဆိုင်ရာ ထူးခြားချက်များ၊ ဆိုက်ဘာရာဇဝတ်ဆိုင်ရာ အခြေခံသဘောတရားများနှင့် တရားရုံးမှ ဦးဆောင်သည့် စေ့စပ်ဖြန်ဖြေရေး စနစ်ဆိုင်ရာများကို ပြည်နယ်အတွင်းရှိ တရားရေးအရာရှိ ၃၅ ဦးက နှစ်ရက်ကြာ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။  

 

တင်ထွန်း(ပြန်/ဆက်)

 

_DSC009