ရမည်းသင်း နိုဝင်ဘာ  ၉

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အင်ကြင်းကန်-အုတ်ဖိုလမ်းမှ ဆူးတပ်ရွာသွားလမ်း ကျောက်ရောမြေ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ခရိုင်/မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းတွင်  ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

 

အင်ကြင်းကန်-အုတ်ဖိုလမ်းမှ ဆူးတပ်ရွာ သွားလမ်းပိုင်း လမ်းအရှည် (၀/၃.၄၉)မိုင် ကျောက်ရောမြေခင်းခြင်းကို  တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေကျပ် ၂၈ သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် ရမည်းသင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ)တို့က  လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးသည်။

 

အဆိုပါလမ်းသည်  အကျိုးပြုကျေးရွာ သုံးရွာ၊ လူဦးရေ ၁၇၀၆ ဦးတို့အား အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)